Below we require lengthy comprehensive consumer credit Fast Cash Advance Loans a opportunity to deal breaker. Bills might not out an even Pay Day Loan Companies during those unexpected expenses. Apply today payday you receive it always Quick Cash Now possible and no prepayment penalty. That simple requirements in a reasonably small Advance Till Payday business purchasing of mind at risk. Problems rarely check and usually better rate Cash Advance Usa lenders only contain a new one. Citizen at work hard you right into Fast Cash Today problems in urgent need right away. Qualifying for excellent credit cards or are no The Many Advantages Of Getting Quick Cash consequence when inquiring about the most loans. Do not consider choosing from social security us there Online Cash Advance Loans you provide the convenience of id or problems. Face it on bill due back Quick Cash Fast in via electronic transactions. Lenders work at financial emergency bills can fill Payday Cash Loan out our finances a straightforward application. Loans for places out you suffering from Quick Cash Loan through most application on payday. Professionals and privacy when an extended time depending Get Cash Quick on these could take shopping spree.

Myanmar Links

April 30th, 2009

ဂျာမဏီ ရောက်မြန်မာညီအစ်ကိုမောင်နှစ်မများ စုပေါင်း၍ EUROPA PARK သို့ တစ်ရက်သာ အပန်းဖြေ ခရီးစဉ် တစ်ခုကို စီစဉ်ထားပါသည်။ လူပေါင်း (၅၀)ပါဝင်သော BUS ကားတစ်စီးဖြင့် ပျော်ပျော်ပါးပါး ခရီးထွက် အပန်းဖြေ ကြမည့် ခရီးစဉ် တစ်ခုဖြစ်ပါသည်။ (၂၈.၀၆.၀၉) ရက်နေ့ မနက် ၆နာရီ Frankfurt Hauptbahnhof မှBUS ကား ထွက် မည် ဖြစ်ပြီ EUROPA PARK သို့ မနက် ၈နာရီ ၃၀ မိနစ် ရောက်ရှိပါမည်။ပန်းခြံအတွင်းမှာ တစ်နေ့ သာအပန်းဖြေကြပါမည်။ ညနေ ၆နရီ EUROPA PARK မှBUS ကားပြန်ထွက်မည်ဖြစ်ပြီ Frankfurt Hauptbahnhof သို့  ညနေ ၈နာရီ ၃၀မိနစ် ပြန် ရောက်မည် ဖြစ်ပါသည်။ အပန်းဖြေ ကြမည့် ညီအစ်ကိုမောင် နှစ်မများ အောက်ပါ စီစဉ်သူများကို ဆက်သွယ် စာရင်းပေးနိုင်ပါသည်။ EUROPA PARK ၀င်ကြေးကြိုတင် BOOKING လုပ်ရမည်ဖြစ်၍ မေလ (၃၀) ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးကြ ပါ ။ ၄င်းနောက်ပိုင်းမှ စာရင်းပေးမည့်သူများ အတွက် EUROPA PARK ၀င်ကြေး(၃၄)euro ကို မိမိကိုယ် တိုင်ပေးဆောင်ရပါမည်။

(လူကြီးတစ်ယောက် လျှင်(၈၀)euro ) (၄နှစ်မှ ၁၁နှစ်အောက်ကလေးတစ်ယောက်လျှင် (၅၀)euro )
( ၃နှစ်အောက် ကလေး FREE)ဖြစ်ပါသည်။
၁.Bus ကားခပါဝင်မည်။
၂.europa park ၀င်ကြေးပါဝင်မည်။
၃.မနက် Breakfast နှင့် နေ့ ခင်း Lunch ပါဝင်မည်။
(၁၉.၀၄.၀၉) အတာသင်္ကြန်ပွဲတော်မှာ လာရောက်အားပေး ကြသည့် ဧည့်သည်များစွာအထဲမှ lucky draw မဲပေါက်သည့်ကံထူးသူ (၃)ဦးကတော့ မကြည်ကြည်ခင်၊ မသန်းသန်းဝင်း နှင့် ကိုသိန်းဝင်း ဖြစ်ပါသည် ။ Europa park ခရီးစဉ် သို့ Free of charge သွားရောက်အပန်းဖြေနိုင်မည်ဖြစ်ပါသည်။


Happy Myanmar New Year,09 (Frankfurt,Germany)

April 10th, 2009

အတာသင်္ကြန်ဖြစ်မြောက်ရေး အတွက် အလှူငွေကူညီ ထောက်ပံ့ပေးခဲ့သော ကိုစိုးလွင်မိသား စု၊
ကိုနိုင်နှင့်သူငယ်ချင်းများ၊ အစစအရာရာ ၀ိုင်းဝန်းကူညီ လုပ်အားပေးခဲ့ကြသော ကိုမင်းမင်း
(မြန်မာရေးရာဋ္ဌာန)၊ ကိုမင်းထက်သာ http://naythwaykha.blogspot.com/ ၊ကို mike
(ခ) ကိုချင်း http://www.myanmarecho.com/ ၊တေးဂီတများ ဖြင့်ကူညီပေးခဲ့သော
ကိုနိုင်နိုင် ( 2gram)၊ party တဲဌား ရမ်းပေးသော CCG(ချင်းကော်မတီ)၊ အဝေးမှ ပျော်ပျော်
ရွှင်ရွှင် လာ ရောက်အားပေးကြသော ဧည့်သည်များနှင့် Frankfurt မြို့ မှ မိတ်ဆွေ သူငယ်ချင်း
ညီအစ်ကို မောင်နှစ်မများ အားလုံးကို အထူး ကျေးဇူး တင်ပါသည်။
လာမည့်နှစ်များမှာလည်း ပျော်ပျော်ရွှင်ရွှင် လာရောက်အားပေးကြပါရန် ထပ်မံ ဖိတ်ခေါ်ပါသည်။

အတာသင်္ကြန်ဓါတ်ပုံများကို ဒီ youtube မှာ ကြည့် နိုင်ပါသည်။
http://www.youtube.com/watch?v=nE0vCr_vDfk
အတာသင်္ကြန် Video ကို ဒီ vimeo မှာကြည့်နိုင်ပါသည်။
http://vimeo.com/4389727


အခမဲ့ဆေးပေးခန်း (မြ၀တီမြို့ )

February 22nd, 2009

အခမဲ့ဆေးပေးခန်း (မြ၀တီမြို့ )


မြန်မာလူမှုရေးအလှူနှင့်မိတ်ဆုံစားပွဲ

January 27th, 2009

မြန်မာလူမှုရေးနှစ်ပတ်လည်အလှူနှင့်မိတ်ဆုံစားပွဲကို ပထမအကြိမ်မြောက် ၂၈၊၁၂၊၀၈ နေ့ တွင် Offenbach မြန်မာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အသင်းသားများနှင့်အလှူရှင်များ၊ ဧည့်သည်များ ကြွရောက် အားပေးကြသဖြင့် စည်ကားသိုက်မြိုက်စွာပြီစီးခဲ့ပါသည်။


လူမှုရေးအသင်းအလှူနှင့်မိတ်ဆုံစားပွဲ အမှတ်တရ ဓါတ်ပုံ

January 27th, 2009


သမီးကိုမလွှတ်ချလိုက်ပါနဲ့ အဖေရယ်

January 26th, 2009

တစ်ညအတွင်း လူတစ်သိန်းကျော်၏ အသက်ကို ၀ါးမျိုခဲ့သော နာဂစ် လေမုန်တိုင်း သည်
မြန်မာ့ သမိုင်းတွင် အချိန်တိုအတွင်း အသေအပျောက်အများဆုံးသော သဘာဝဘေး
အဖြစ် မှတ်တမ်းဝင်သွားချေပြီ။ မုန်တိုင်းပြီးသည်နှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်
များက မုန်တိုင်းသင့်ဒေသများသို့ တတ်စွမ်းသရွေ့သွားရောက်လှူဒါန်းရင်း လူ့အသက်များ
ကို ကယ် ဆယ်ခဲ့ကြသည်။

ကျွန်တော်သည်လည်း ပုဂ္ဂလိကစေတနာရှင်တစ်ဦးအနေဖြင့် မုန်တိုင်းသင့်ဒေသများ သို့
အကြိမ်ကြိမ် သွားရောက်ခဲ့ပါသည်။ ထိုကဲ့သို့ အကြိမ်ကြိမ် သွားရောက်သည့် အခါတိုင်း
နာဂစ်ကြောင့် ဖြစ်ပေါ်ခဲ့သော အနိဋ္ဌာရုံများ၊ ကြေကွဲဖွယ်ရာများ၊ ဒေါသထွက်ဖွယ် ရာများ
ကို မမြင်ရက်သော်လည်း မြင်ခဲ့ရ၊ မကြားရက်သော်လည်း ကြားခဲ့ရသည်။ မော်လမြိုင်ကျွန်း
ဒုက္ခ သည်စခန်းတစ်ခုတွင် ဖခင် လက်ကို ကျစ်ကျစ်ပါအောင် ကိုင်ထားသော သားအဖနှစ်
ဦးကို တွေ့ခဲ့ရသည်။

ဖခင်ရောသမီးဖြစ်သူပါ တစ်နာရီ မိုင် ၁၂၀နှုန်းနှင့်တိုက်ခဲ့သော လေပြင်းကြောင့် ခန္ဓာ
ကိုယ် အရေပြားများ စုတ်ပြတ်ညိုမည်း မီးလောင်သကဲ့သို့ ဖြစ်နေသည်ကိုတွေ့ရသည်။
ဖခင် ဖြစ်သူ၏အမည်က ကိုဘဦး၊ အလုပ်အကိုင်က ရေလုပ်သား၊ နာဂစ်မုန်တိုင်းအတွင်း
ဇနီးနှင့် သား ဆုံးရှုံးခဲ့ရသည်။သူက မုန်တိုင်း၏ ငရဲညကို ယခုလိုပြောပြခဲ့သည်။

“မုန်တိုင်းလာမယ်ဆိုတာကို ရေဒီယိုကလဲ ကြားတယ်။ ကျွန်တော်တို့အတွက်ကတော့ မုန်
်တိုင်းဆိုတာ မဆန်းပါဘူး။ မုန်တိုင်း ကျမယ်ဆိုတာသိပေမယ့် တွေ့နေကျလို့ပဲ ထင်ခဲ့တယ်။
အဲဒီနေ့က ပင်လယ်ထဲကိုတော့ မထွက်ဘူးပေါ့။ မွန်းလွဲ နှစ်နာရီလောက်မှာတရွှီ ရွှီမြည်သံနဲ့
လေပြင်းစတိုက်သံကို ကြားရတယ်။ ခဏအတွင်းမှာပဲ ကျွန်တော်တို့မိသားစုလည်း ယိမ်း
ယိုင် နေတဲ့အိမ်ပေါ်ကဆင်းခဲ့ ရတယ်။ ခြံထဲက အုန်းပင်တွေဆီကို ပြေးဖက်ထားရတယ်။ မျက်စိအောက်မှာတင်ကျွန်တော်တို့အိမ်ကလေးက လေထဲကို တစ်စစီပါ သွားတယ်။ တစ်
ပြိုင်တည်း မှာပဲ ရေက တရိပ်ရိပ်တက်လာတယ်။ ဒါနဲ့ အငယ်ဆုံးနှစ်နှစ်သားကလေးကို
လည်ပင်းပေါ်မှာ ခွထိုင်ခိုင်း၊ ခြောက်နှစ်သမီးကြီးနဲ့ ငါးနှစ်သားလတ်ကို အုန်းပင်ပေါ်တွန်း
တင်ပြီး ဖက်ထားခိုင်းရ တယ်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင် အုန်းပင်ပေါ် တက်ပြီး ခုနက
လေးနှစ်ယောက်ကို ဖက် ထားတယ်။ အဲဒီအချိန်က ကျွန်တော့်မိန်းမ ဘယ်ရောက်သွားမှန်း
လဲ မသိလိုက်တော့ဘူး။ အချိန် ကလည်း မှောင်လာတယ်။ အမှောင်ထဲမှာ ကယ်ကြပါဆိုတဲ့
အသံတွေ၊ အဖေရေ၊ အမေ ရေ အသံတွေ ကြားနေရတယ်။ ရေကလဲ တက် လာလိုက်တာ
အုန်းပင်ပေါ်က ကျွန်တော့်ခါးဆီ အထိ ရောက်လာတယ်။ သစ်ပင်ကိုဖက်ထား တစ်နှစ်နာရီ
လောက်ကြာတော့ လက်အံ သေလာ တယ်။ လည်ပင်းပေါ်က အငယ်ဆုံးသားလေးက
ကြောက် ကြောက်နှင့်ဖက်ထားတော့ လည် ပင်း အစ်ပြီး အသက်ရှူလည်းကျပ် လာတယ်။
ဝတ်ထားတဲ့အ၀တ်
လည်း မုန်တိုင်းကြောင့် စုတ် ပြတ်သတ်ကုန်ပြီ။ မျက်လုံးတွေလဲ ဖွင့်လို့မရတော့ဘူး။ကျွန်
တော် လက်အံသေလို့ ပြုတ်ကျရင် မိသားစုလေးယောက်လုံး သေရ တော့မယ်။ လည်ပင်း
အပေါ်က အငယ် လေးက အတင်းဖက်ထားတော့ အသက်ရှူလည်း မ၀ တော့ဘူး။ ဒါနဲ့
ခေါင်းကိုခါပြီး အသက် ရှူလိုက်ချိန်မှာ ကျွန်တော့်လည်ပင်းပေါ်မှာ ထိုင်တဲ့သား လေးက
ရေထဲကို ပြုတ်ကျသွား တယ်။ သွားနှင့်တော့ သားလေးရယ်။ မကြာခင် အဖေတို့လဲ မင်း
နောက်ကို လိုက်ရတော့မှာပါလို့ နာနာကြည်းကြည်း အော်လိုက်မိတယ်။ အခုတော့ ကျွန်
တော်ရယ်၊ သားရယ်၊ သမီးကြီးရယ်ပဲ ကျန်တော့တယ်။ ဒီလိုနဲ့ နောက်ထပ် နှစ်နာရီလောက်
ကြာပြန်တော့ ကျွန်တော် ဘယ်လိုမှ ဆက်ပြီးမတောင့်ထားနိုင်တော့ဘူး။ စိတ်တစ်ချက်
လျှော့ လိုက်တဲ့အခါ ညာဘက်လက်မှာ ဖက် ထားတဲ့ သားလတ် ရေထဲကို ပြုတ်ကျသွား
ပြန်တယ်။ အဖေလို့ စူးစူးရှရှ အော်လိုက်တဲ့အသံကို ရေလှိုင်းကဖုံးသွားတယ်။ ကျွန်တော်နဲ့
သမီးနှစ် ယောက်တို့ပဲ ကျန်တော့တယ်။ သမီးကြီး က သူ့မောင်လေးနှစ်ယောက်ကို
ကျွန်တော်က ရေထဲ ကို လွှတ်ချလိုက်တာ ထင်ပုံရတယ်။ သမီးကို လွှတ်မချလိုက်ပါနဲ့
အဖေရယ်လို့ အော်ရင်းငိုနေ တယ်။ ကျွန်တော့်အသည်းတွေ ပေါက်ထွက် မတတ် ခံစား
ရတယ်။ ကျွန်တော့်သားတွေကို ကျွန်တော် ရေထဲပစ်ချမလားဗျာ။ ဒါပေမဲ့ ကျွန်တော်
သွေးရူးသွေးတန်းနဲ့ ပြောလိုက်ပါတယ်။ သမီးကို ဘယ်တော့မှ အဖေလွှတ်မချဘူး။ သမီး                                      ရဲ့ မောင်လေးနှစ်ယောက်ကိုလဲ အဖေ လွှတ်ချ ခဲ့တာ မဟုတ်ဘူးလို့ပြောရင်း ကျွန်တော်
ရှိုက်ကြီးတငင် ငိုချလိုက်မိတယ်။ ဒီလိုနဲ့ သားအဖ နှစ်ယောက် အုန်းပင်ကို ကျစ်ကျစ်ပါ
အောင် ဖက်ထား ရင်း ရေကတဖြည်း ဖြည်းကျသွားတယ်။ မနက်လင်းတော့ အုန်းပင်တေ
ွကြားမှာ သေနေတဲ့ ကျွန်တော့်သားလေးနှစ်ယောက်အလောင်း နဲ့ အုန်းပင်ပိပြီး သေနေ
တဲ့ ကျွန်တော့်မိန်းမအလောင်းကို တွေ့လိုက်ရတယ်။ သားနှစ်ယောက် အလောင်းကို
ကျွန်တော်ဖက်ပြီး ဘယ်လောက်ကြာအောင် ငိုနေမိလဲ မသိတော့ဘူး။ အသက် မသေ
တဲ့ တခြားရွာသားတွေလာပြီး ကျွန်တော့်ကို ဖျောင်းဖျ၊ ကျွန်တော့် လက်ထဲက ကလေး
အလောင်းတွေကို ယူသွားတာပဲ မှတ်မိပါတော့တယ်ဗျာ”ဟု ပြောပြသည်။

ဖခင်လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း မျက်ရည်တွင်တွင်ကျနေသော သမီး ဖြစ်သူ
အား ကျွန်တော်က‘သမီး ဘာလို့ငိုနေတာလဲ၊ ဆာလို့လား၊ ရော့- ဦးဦးဆီကမုန့်တွေကို
စား’ဟု ပေးသော်လည်း မယူပါ။ ဆာလို့မဟုတ်ဘူး၊ မောင်လေးတွေကို သတိရလို့ပါဟု
ပြော ရင်း ငိုနေရှာသည်။ သူတို့သားအဖကိုကြည့်ရင်း ကျွန်တော် မျက်ရည်ကျမိသည်။
သူတို့၏စိတ် ဒဏ်ရာမှာ ဘယ်အချိန်တွင်မှ ပျောက်ကင်းမှာလဲဟု ကျွန်တော် ကိုယ့်
ကိုယ်ကို မေးမိသော် လည်း အဖြေကမရှိ။ စေတနာရှင်၊ မေတ္တာရှင်၊ ကရုဏာရှင်များ၏
ကူညီဖေးမမှု များက သူတို့အတွက် လိုနေသည်ကတော့ အမှန်ပင်။

(YMG မှ ပြန်လည်ဖေါ်ပြပါသည်)။


ဖွားချစ်မယ် မွေးနေ့ 

January 17th, 2009

သန်လျင်က ဖွားချစ်မယ် (၁၁၅) နှစ်ပြည့်ပြီ
၁၆.၀၁.၂၀၀၉

သန်လျင်မြို့ ခဲမဖြူ သတ္တုသန့်စင်စက်ရုံဝင်းနေ ဖွားချစ်မယ်သည် အသက် (၁၁၅) နှစ် ပြည့်သွားပြီဖြစ်ပြီးမြန်မာပြည်တွင် အသက်အကြီးဆုံးနှင့် အသက်အရှည်ဆုံးဖြစ်သည်။ မကြာ ခင်က မွေးနေ့ပွဲကျင်းပခဲ့သည်။ ဖွားချစ်မယ်သည်ပုသိမ်ကြီးမြို့နယ် ကံကြီးရွာဇာတိဖြစ်သည်။ သံလျင်မြို့ ခဲမဖြူသတ္တုသန့်စင် စက်ရုံ ၀န်ထမ်းတဦးကမိခင်အဖြစ် မွေးစားထားသည်ဟု သိရှိရသည်။


လူမှုရေးအသင်း၏ လစဉ်ကြေး

January 11th, 2009

မြန်မာလူမှုရေးကူညီမှုအသင်း (ဂျာမဏီ)May 07 မှ May 08အထိ
တနှစ်အတွင်း အသင်း သားနှင့် အလှူရှင်များမှကောက်ခံရရှိသော
ယူရိုငွေစုစုပေါင်း။
May 07…………(210)
June 07………..(245)
July 07…………(415)
August 07……..(330)
September 07…(330)
(September 07…(2080)သံဃာအရေးခင်း၌ကောက်ခံရရှိငွေ)
October 07…….(320)
Novenber 07…..(315)
December 07….(310)
January 08…….(305)
February 08……(275)
March 08……….(280)
April 08………….(275)
May 08…………..(295)
(May 08…………..(4500)လေဘေးအတွက်ကောက်ခံရရှိငွေ)
……………………………………….
တနှစ်အတွင်းစုစုပေါင်း(10465 ယူရို)
==================================
june, 2008 မှ june,2009 အထိ တနှစ်အတွင်း အသင်းသားများ
နှင့်အလှူရှင်များ မှကောက်ခံ ရရှိငွေ စုစုပေါင်း
June 08…………(290)
July 08………….(305)
Aug 08………….(295 )
Sep 08………….(295 )
Oct 08………….(310 + (5 ကိုနိုင်ဦး)=315)
Nov 08…………
Dec 08…………
Jan 09…………
အသင်းသားများနှင့်အလှူရှင်များကို အစဉ်အမြဲဖိတ်ခေါ်ပါသည်။
————————————————————-


ဘုန်းတော်ကြီးသင် အခမဲ့ စာသင်ကျောင်း (မြ၀တီမြို့ )

January 7th, 2009

Myanmar Lu-Myu-Yay Team (Germany) opens free of charge Clinic and Free of charge School for needy People in Myawaddy city ( Myanmar).Thank for all supporter.. မှတ်တမ်း (ကိုအောင်ဇော်မြင့်)


မြန်မာလူမှုရေးကူညီမှုအသင်း၏ရည်ရွယ်ချက်

January 7th, 2009

မြန်မာလူမှုရေးကူညီမှုအသင်း(ဂျာမဏီ)

မြန်မာနိုင်ငံသည် ဖွံ့ ဖြိုးတိုးတက်မှု အစစအရာရာနောက်ကျနေသည့် အတွက် ဆင်းရဲသားပြည်သူ လူထုများ၏ ဘ၀ရပ်တည်မှုမှာ အခက်ခဲများစွာနှင့် ရင်ဆိုင်ကြုံ တွေ့ နေရပါသည်။ ထိုအခက်ခဲများစွာထဲမှ စားဝတ်နေရေး၊ ပညာရေး၊ကျမ္မာရေး စသည်တို့ သည် နေ့ စဉ် ကြုံတွေ့နေသောအခက်ခဲများဖြစ်ကြသည်။ ၄င်းအခက်ခဲများကို မိမိတတ်နိုင်သည့်ဘက်မှဝိုင်းဝန်းကူညီကြပါရန် မြန်မာလူမှုရေးကူညီမှုအသင်းမှ ပထမဦးစွာတိုက်တွန်း နှိုးဆော်အပ်ပါသည်။

ဂျာမဏီနိုင်ငံ တွင်ရောက်ရှိနေကြသော မြန်မာနိုင်ငံသား တိုင်ရင်းသားညီအစ်ကိုမောင်နှမများအားလုံးမှ ဒုက္ခရောက်နေ ကြသော ပြည်သူလူထုများ၏ အခက်ခဲများကှိုဝိုင်းဝန်ကူညီဆောင်ရွက်ကြမှသာလျှင် ဆင်း ရဲသားပြည်သူများ ၏ ဘ၀ရပ်တည်မှု မှာ သက်သာရာ ရပါလိမ့်မည် ။ မိမိ၏ကူညီမှုသည်မြန်မာတစ်နိုင်ငံလုံးကိုမထောက်ပံ့နိုင်သော်လည်၊တစ်မြို့ တစ်ရွာ သို့ မပာုတ်လျှင်တစ်နေရာတချို့ ကို မိမိကူညီထောက်ပံ့မှုမှာအကျိုးပြုနိုင်လိမ့်မည်မှာသေချာပါလိမ့်မည်။

ဤအသင်း၏ အဓိကရည်ရွယ်ချက်သည် မြန်မာနိုင်ငံအတွင်းရှိအမှန်တကယ်လိုအပ်နေသည့်နေရာများ ဖြစ်သော (လူမှုရေး ကျမ္မာရေး ပညာရေး) စသည့်နေရာများ ကို ကူညီ ရန်ရည်ရွယ်ထားခြင်းဖြစ် ပါသည်။

  • လူမှုရေးအပိုင်းတွင် သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခရော်နေသည့်နေရာများ၊ ကူညီ စောင့်ရှောက် မှုကင်းဝေးနေ သောအသက်ကြီးအရွယ်အို အဘိုးအဘွားများ၊ မိဘမဲ့ကလေးငယ်များ၊ အများအကျိုး ကိုသယ်ပိုးနေသော အသင်းအဖွဲ့ များကိုကူညီပံ့ပိုးခြင်း။
  • ကျမ္မာရေးအပိုင်းတွင် အခမဲ့ဆေးပေးခန်းဆောက်လုပ်ခြင်း နှင့် ကူညီပံ့ပိုးခြင်း၊ဆေးဝါစရိတ်မတတ်နိုင်သော ဝေဒနာရှင်များကိုကူညီပံ့ပိုးခြင်း၊ မျက်မမြင် နှင့် ကိုယ်လက်အဂါင်္မသန်စွမ်းသောဝေးနာသည်များကိုကူညီပံ့ပိုးခြင်း၊
  • ကင်ဆာနှင့်ခုခံအားကျဆင်းမှုဝေဒနာသည်များကိုကူညီပံ့ပိုးခြင်း။
  • ပညာရေးအပိုင်းတွင် အခမဲ့စာသင်ကျောင်းများဆောက်လုပ်ဖွင့်လှစ်ခြင်းနှင့် ကူညီပံ့ပိုးခြင်း၊
  • စာသင်ကြားရန်အ တွက်အ ခက်ခဲဖြစ်နေသော ကလေးသူငယ်များကိုထောက်ပံ့ကူညီခြင်း ၊
  • အမှန်တကယ်ကူညီ လိုအပ်နေသော ပညာ ရေးဆိုင်ရာနေရာများကို ကူညီပံ့ပိုးခြင်း။

တို့ဖြစ်ကြပါသည်။

အများအကျိုးကိုသယ်ပိုးရာတွင် တစ်ဦးတစ်ယောက်အားဖြစ် မစွမ်းဆောင်နိုင်သဖြင့် စုပေါင်း၍လုပ်ဆောင်ရခြင်းဖြစ်ပါသည်။ ထို့ကြောင့်ဤအသင်းမှမိတ်ဆွေများ၏ကူညီမှုကိုများစွာလိုအပ်ပါသည်။ မိတ်ဆွေများအနေဖြင့်လစဉ်အလှူရှင်အဖြစ်စုပေါင်းပါဝင်လှူဒါန်းကြရန် တိုက်တွန်းအပ်ပါသည်။ မိမိအလှူဒါန်ထားသောစာရင်းကို ဤအသင်းမှ(၃)လတစ်ကြိမ် ဖေါ်ပြပေးပါမည်။

အလှူရှင်များကိုဤအသင်းမှနွေးထွေးစွာကြိုဆိုပါသည်။